International Covid-19 Vaccination Certificate
လျှောက်ထားသူများ သတိပြုရမည့် အချက်များ
(၁) မိမိလက်ဝယ်တွင်ရရှိထားသော ကာကွယ်ဆေးထိုးမှတ်တမ်း ကတ်ပြားသည် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသော QR Code နှင့် CHK_ID ပါဝင်သည့် ကတ်ပြား ဟုတ်/မဟုတ် ပထမဦးစွာ စစ်ဆေးရန် လိုအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပေးလျက်ရှိသော ကာကွယ်ဆေးထိုးမှတ်တမ်းကတ်ပြားပုံစံအမှန်(နမူနာပုံစံ)
(၂) လျှောက်ထားခွင့်မရှိသော ကတ်ပြားများမှာ
(က) အခြား ပြင်ပဆေးရုံ/ဆေးခန်းများမှ ထုတ်ပေးထားသော ဆေးထိုးမှတ်တမ်းကတ်ပြားများ(နမူနာပုံစံ)
(ခ) MCCOC (တရုတ်ကုန်သည်ကြီးများအသင်း) ဆေးထိုးစင်တာမှ ထုတ်ပေးထားသော ဆေးထိုး မှတ်တမ်း ကတ်ပြားများ(နမူနာပုံစံ)
(ဂ) ရပ်ကွက်များမှ ယာယီထုတ်ပေးထားသော ဆေးထိုးမှတ်တမ်းကတ်ပြားများ(နမူနာပုံစံ)
(ဃ) တပ်မတော်မှ ထုတ်ပေးထားသော ဆေးထိုးမှတ်တမ်းကတ်ပြားများ(နမူနာပုံစံ)
(င) မြို့နယ်များမှ ထုတ်ပေးထားသော ဆေးထိုးမှတ်တမ်းကတ်ပြားများ(နမူနာပုံစံ)
(၃) လျှောက်ထားခွင့်မရှိသော ကတ်ပြား များသာရှိပါက ဆေးထိုးခဲ့သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများ/ ဆေးရုံများ/ ဆေးထိုးစင်တာများတွင် ကျန်းမာရေးဝန်ကြီးဌာနမှအသိမှတ်ပြု ဆေးထိုးကတ်ပြားအား သွားရောက်ထုတ်ယူပါ။
(၄) ကာကွယ်ဆေးထိုး မှတ်တမ်းကတ်ပြားအတွင်း ပါရှိသည့် အချက်အလက်များနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတွင် ပါရှိသည့် အချက်အလက်များ တူညီရမည်။ (အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်)
(၅) အချက်အလက်များ မှန်ကန်မှုမရှိပါက ဆေးထိုးခဲ့သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများ/ ဆေးရုံများ/ ဆေးထိုးစင်တာများတွင် အမှားပြင်ဆင်ပြီး ကတ်ပြား အသစ် ပြန်လည်ထုတ်ယူရမည်။
(၆) ကာကွယ်ဆေးထိုးမှတ်တမ်း ကတ်ပြားတွင်ပါဝင်သော အချက်အလက်များနှင့် Passport တွင်ပါဝင်သော အချက်အလက်များ တူညီခြင်းရှိ/မရှိ တိုက်ဆိုင်စစ်ဆေးရမည်။(အမည်၊မွေးသက္ကရာဇ်)
(၇) အပြည်ပြည်ဆိုင်ရာ ခရီးသွားလာမှုလိုအပ်ချက် အတွက် ထုတ်ပေးသည့် မှတ်တမ်းဖြစ်သဖြင့် passport မရှိသူများ လျှောက်ထားခွင့်မပြုပါ။